နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများအတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဖြည့်ဆည်းပေးမည့် သင်ကြားရေးသုံး သင်ထောက်ကူနှင့် ပရိဘောဂပစ္စည်းများအား မြန်မာ ကျပ်ငွေ ဖြင့် ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို (၁၅-၁-၂၀၂၄)ရက်နေ့မှစ၍ (၁၉-၁-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း ရုံးအမှတ်(၂၁)၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲတွင် ဝယ်ယူနိုင်ပြီး (၂၆-၁-၂၀၂၄) ရက်နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား ၍ အိတ်ဖွင့်တင်ဒါပုံစံဝယ်ယူခဲ့သောဌာနသို့ တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်။
၃။ အဆိုပါသင်ကြားရေးသုံး သင်ထောက်ကူနှင့် ပရိဘောဂပစ္စည်းများအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများသို့အရောက် ပေးပို့တပ်ဆင်ပေးနိုင်ရမည်။ လိုအပ်ပါက နည်းပညာ ဆိုင်ရာသင်တန်းပေး ဆောင်ရွက်နိုင်ရမည်။
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ်- ၀၆၇၃၄၀၄၃၈၉/ ၀၆၇၃၄၀၄၄၅၆/၀၆၇၃၄၀၄၅၀၅ (ဦးစီးဌာန၊ ရုံးချုပ်)တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး website ဖြစ်သော www.dtvet.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန