မြန်မာ ပညာရေးကို ဘယ်လိုပြောင်းကြမလဲ

By ခင်မောင်လွင် (အေးရှားမာစတာစ်) ASEAN Master Trainer and Assesor

ပညာရေးလို့ ပြောလိုက်ရင် အများစုက ကျောင်း၊ စာသင်ခန်း၊ စာမေးပွဲလို့ပဲ မြင်ကြတယ်။ တကယ်တော့ ပညာရေးဆိုတာက တစ်မျိုးသားလုံး တစ်ဦးတစ်ယောက်မှ အလေအလွင့်မရှိပဲ ထုတ်လုပ်နိုင်စွမ်း Productive ဖြစ်လာအောင် လုပ်ကြဖို့ပါပဲ။ ဒီလိုဖြစ်အောင် လုပ်တဲ့နေရာမှာ အခြေခံပညာအဆင့်၊ အဆင်မြင့် ပညာ နဲ့ နည်းပညာနဲ့ အသက်မွေး ပညာဆိုပြီး (၃) ပိုင်းခွဲလို့ရပါတယ်။

အခြေခံပညာဆိုတာက သူငယ်တန်းကနေ၊ တက္ကသိုလ်ဝင်တန်းအထိပေါ့။ တက္ကသိုလ်ဝင်တန်းအောင်ပြီး ပြီဆိုရင် ကောလိပ်တွေ၊ တက္ကသိုလ်တွေက အဆင့်မြင့် ပညာရေးပေါ့။ နောက်နည်းပညာနဲ့ အသက်မွေးပညာက တစ်ပိုင်းပေါ့။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာက လွဲမှားတဲ့ တန်ဖိုးထားမှုကစတာ။ သားသမီးတွေကို ဘွဲ့ရစေချင်တယ်။ မန်နေဂျာတွေ ခေါင်းဆောင်တွေသာဖြစ်စေချင်တယ်၊ တကယ်တတ်ဖို့၊ ကိုယ့်အလုပ်ကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လာဖို့ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ စိတ်မဝင်စားပါ။ ဘွဲ့သာလိုချင်တယ်။

ဒီအချက်ကို သိတဲ့ ပြီးခဲ့တဲ့ အစိုးရတွေဟာ လွယ်လွယ်ကူကူနဲ့ ဘွဲ့ရအောင် လုပ်ပေးကြတော့တယ်။ အာဏာရှင် ဆိုပေမဲ့ အေးရာအေးကြောင်း လူတွေရဲ့အလိုကို လိုက်ပေးခြင်း Pandering လုပ်တာပါပဲ။ နောက်ဆုံးတော့ အနှစ်သာရ တင်ခုမှမရှိတဲ့ ဘွဲ့တွေသာဖြစ်လာတယ်။ ဘာမှသုံးလို့မရဘူး။

အခုအရေးတကြီးလိုအပ်နေတာက Technical and Vocational Education Training (TVET) ဖြစ်တယ်။ တက္ကသိုလ်ဝင်တန်းအောင်ပြီးတာနဲ့ တက္ကသိုလ်သွားဖို့ကို အတော်ဆုံးလူတွေလောက်ပဲ သွားခွင့်ပေးဖို့ကောင်းတယ်။ တက္ကသိုလ်တက်ခွင့်ရပြီဆိုတာနဲ့ ကျောင်းသားချေးငွေ၊ ကျောင်းဆင်းပြီးတာနဲ့ အလုပ်ခန့်နိုင်မှုကို စဉ်းစားပေးရမယ်။

ကျန်သူတွေထဲက ဒုတိယအဆင့်တော်သူတွေကို Poly လောက်တက်ခိုင်းသင့်တယ်။ တတိယအဆင့်လောက် ဆိုရင်တော့ နည်းပညာနဲ့ အသက်မွေးကျောင်းတွေ ဖွင့်ထားရမယ်။ ဒီနည်းပညာ၊ ပိုလီတွေကလည်း တက္ကသိုလ်ကို ပြန်ပေါင်းကူး နိုင်ရမယ်။ ဒါဆိုရင် အတော်ဆုံးတွေ အလုပ်အရင်ရမယ်။ လူတွေအားလုံးမှာ ဆက်ကြိုးစားခွင့်ရှိမယ်။

ဒီတော့ ကျွန်တော်တို့ဟာ  ဘွဲ့တွေ ရိုက်ထုတ်နေမဲ့အစား၊ ပိုလီနဲ့ နည်းပညာနဲ့ အသက်မွေး ပညာရေး TVET များကို အလျင်အမြန် ပြောင်းလဲသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ခင်မောင်လွင် (အေးရှားမာစတာစ်)
ASEAN Master Trainer and Assesor
09-421100111
kml1983.a@gmail.com
17-6-2016