ပဉ္စမအကြိမ်မြောက် TVET ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (TVET Teachers’ Skills Competition) နှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

skill competition

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် သင်တန်းဌာနများရှိ ဆရာ၊ဆရာမများ၏ တီထွင် ဖန်တီးနိုင်စွမ်းရှိမှု၊ လက်တွေ့ကျွမ်းကျင်မှု၊ သင်ကြားရေးစွမ်းရည်နှင့် အရည်အသွေးများကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (TVET Teachers’ Skills Competition)  နှင့် Innovation Project ပြိုင်ပွဲအား ၂၆-၂-၂၀၂၅ မှ ၂၈-၂-၂၀၂၅ ရက်နေ့ အထိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

ဆရာ၊ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် SurveyingIndustrial Motor Control (HLC & PLC) PCB Design, Making and Circuit Implementation Web DesignMulti Cylinders Engine Adjustment and Single Cylinder Engine OverhaulLathe Machine Operation နှင့် Mechanical Engineering CAD စသည့် အင်ဂျင်နီယာဘာသာရပ် ခေါင်းစဉ် (၇)ခုဖြင့် စုစုပေါင်း ပြိုင်ပွဲဝင် (၈၇)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ခေတ်မီဆန်းသစ်၍ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သော Innovation Project ခေါင်းစဉ် (၁၀) ခု ဖြင့် စုစုပေါင်းပြိုင်ပွဲဝင် (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ CNC Router Milling Machine ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) မှ ပထမဆု၊ Smart Vending Machine Using Digital Payment System ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) မှ ဒုတိယဆု၊ ML-Based Real-Time Driver Drowsiness Detection and Alert System ခေါင်းစဉ်ဖြင့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE) မှ တတိယဆု ရရှိခဲ့ကြပါသည်။

အခြေခံလူတန်းစားများအတွက် လုပ်ငန်းခွင်အထောက်အကူပြု Grassroot Innovation Project ခေါင်းစဉ် (၁၀) ခုတွင်စုစုပေါင်းပြိုင်ပွဲဝင် (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ Manual Rice Planting Machine ခေါင်းစဉ်ဖြင့် အစိုးရနည်းပညာသင်တန်းကျောင်း(ပုသိမ်) မှ ပထမဆု၊ Eight Row Manual Seeder ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်) မှ ဒုတိယဆု၊ Peanut Filtering Machine by Using Pedal ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) မှ တတိယဆု ရရှိခဲ့ကြပါသည်။

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လက်တွေ့ကျွမ်း ကျင်မှုစွမ်းရည်ပြိုင်ပွဲမှ ထူးချွန်သည့် ဆရာ၊ ဆရာမများအား ဘာသာရပ်နယ်ပယ် တစ်ခုချင်း စီအလိုက် ပထမဆု ()သိန်း၊ ဒုတိယဆု () သိန်း၊ တတိယဆု ()သိန်းဖြင့် စုစုပေါင်း ပြိုင်ပွဲဝင် ခေါင်းစဉ်(၇)မျိုးအတွက်  ဂုဏ်ပြုဆု (၂၁)ဆုနှင့် ဂုဏ်ပြုငွေ (၁၀,၈၀၀,၀၀၀) တစ်ရာ့ရှစ်သိန်းကျပ် ဖြင့် ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့ပြီး Innovation Project ပြိုင်ပွဲမှ ထူးချွန်သည့် ဆရာ၊ ဆရာမများအား ပထမဆု ()သိန်း၊ ဒုတိယဆု ()သိန်း ၊ တတိယဆု ()သိန်း၊ နှစ်သိမ့်ဆု (၁)သိန်းဖြင့် စုစုပေါင်း ဂုဏ်ပြုဆု (၀)ဆုနှင့် ဂုဏ်ပြုငွေ (,၀၀၀,၀၀၀) သိန်းလေးဆယ်ကျပ်ဖြင့် ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။