၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်တွင် လက် တွေ့သင်ကြား အသုံးပြုရန်လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို (၁၇-၁၁-၂၀၂၃)ရက်နေ့မှစ၍ ရုံးချိန်အတွင်း ရုံးအမှတ် (၂၁)၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲတွင် ဝယ်ယူနိုင်ပြီး (၃၀-၁၁-၂၀၂၃) ရက်နေ့ ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ Tender ပုံစံ ဝယ်ယူခဲ့သောဌာနသို့ တင်ဒါတင်သွင်းရမည်ဖြစ်ပါသည်။
၃။ အဆိုပါ သင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများသို့ အရောက် ပေးပို့တပ်ဆင် ပေးနိုင်ရမည်။
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ်- ၀၆၇၃၄၀၄၃၈၉/ ၀၆၇၃၄၀၄၄၅၆/၀၆၇၃၄၀၄၅၀၅(ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး websiteဖြစ်သော www.dtvet.gov.mm တွင် လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန