သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)
လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း
(၁) |
EV မော်တော်ယာဉ် နည်းပညာများဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းနိုင်ရေး၊ EV ဆိုင်ရာ Training of Trainers (ToT)သင်တန်းဆရာများ လေ့ကျင့် သင်ကြား မွေးထုတ်ပေးနိုင်ရန်အတွက် သင်တန်းသားသစ်များ ခေါ်ယူမည်ဖြစ်ပါသည်။ |
|
(၂) |
နည်းပညာနှင့်သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများအား အမှန်တကယ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။ |
|
(၃) |
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနမှ GTHS (AT,ET,EC), ITC (AT), AGTI, B.Tech, B.E, M.E, Ph.D (Mech, EP, EC) ဘွဲ့ရဝန်ထမ်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများမှဝန်ထမ်းများ၊ အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့်တက်ရောက်ဖူးသူများ လျှောက်ထားနိုင်သည်။ |
|
(၄) |
ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးပါမည်။ |
|
(၅) |
သင်တန်းကာလ(၆)ပတ်ကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်(Certificate) ရရှိပါမည်။ |
|
(၆) |
လျှောက်လွာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်- |
|
|
(က) |
လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။ |
|
(ခ) |
ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာ(မူရင်း)။ |
|
(ဂ) |
သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော ပညာအရည်အချင်း အထောက်အထား (မိတ္တူ)။ |
|
(ဃ) |
လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။ |
|
(င) |
သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ(မူရင်း)။ |
|
(စ) |
ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။ |
ဖွင့်လှစ်မည့်သင်တန်း - လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်း
(Training of Trainers for Electric Vehicles) (၂/၂၀၂၄)
ဖွင့်လှစ်မည့်နေ့ရက် -(၂၁-၁၀-၂၀၂၄)ရက်နေ့မှ(၂၉-၁၁-၂၀၂၄)ရက်နေ့အထိ၊
(၆)ပတ်၊ (၁၈၀)နာရီ
ဖွင့်လှစ်မည့်အချိန် -နံနက် (၉:၀၀) နာရီ မှ ညနေ (၄:၀၀) နာရီအထိ
(တနင်္လာ မှ သောကြာ)
ဖွင့်လှစ်မည့်နေရာ -အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ မင်းကြီးလမ်းနှင့်
အောက်မင်္ဂလာဒုံလမ်းထောင့်၊ ပြည်တော်သာမှတ်တိုင်ရှေ့၊
အင်းစိန်မြို့နယ်
လက်ခံနိုင်မည့်သင်တန်းသားဦးရေ- (၂၅) ဦး
ဆက်သွယ်စုံစမ်းရန်ဖုန်း - ၀၉-၄၄၃၉၇၃၆၀၆
[လျှောက်ထားခြင်းကို (၈-၁၀-၂၀၂၄) ရက်နေ့မှ (၁၄-၁၀-၂၀၂၄) ရက်နေ့အထိ နံနက် (၉:၃၀) နာရီမှ ညနေ (၄:၀၀) နာရီအတွင်း လျှောက်ထားနိုင်ပါသည်။]
မှတ်ချက်။ အစိုးရရုံးပိတ်ရက်များပိတ်မည်ဖြစ်ပါသည်။
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန